ပန်းတောင်း ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးမှုအတွက် မြို့နယ်သမဝါယမအသင်းစုအစီအစဉ်ဖြင့် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းနှင့် ညီမျှသောမျိုးနှင့် သွင်းအားစုများအား အခြေခံသမဝါယမအသင်း ၇ သင်း၊ အသင်း သား ၂၄ ဦး၏ ဆောင်းဆီထွက်သီးနှံ(နေကြာ) စိုက်ဧက ၁၃၅ ဧက စိုက်ပျိုးမှုအတွက် ပံ့ပိုးပေး ခဲ့သည်။ ထို့ပြင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများသည် အကယ်ဒမီ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက် မှ အသင်းသားတောင်သူ ဦးသိန်းထိုက်၏ သီးသန့်နေကြာစိုက်ခင်းတွင် ရေဆင်းစပ်မျိုးနေကြာ(၁) စိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်