Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး


26 Dec,2024

မိတ္ထီလာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဒီဇင်ဘာ  ၂၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကန်သာအေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဒေသစပ်မျိုး နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေအား  (၂၅-၁၂-၂၀၂၄)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် တာဝန်ရှိသူများက  ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ကန်သာအေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် နို့စားနွားမွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် အခက်အခဲများရှိပါက အချိန်နှင့်တပြေးညီတင်ပြသွားကြရန် လမ်းညွှန်မှာကြားသည်။
 
အဆိုပါ ကန်သာအေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အစုအဖွဲ့လေးဖွဲ့မှ သမဝါယမအစုအဖွဲ့ပုံစံ စုဖွဲ့ကာ ဒေသစပ်မျိုး နို့စားနွားမွေးမြူခြင်းကို တစ်ဖွဲ့လျှင်လေးကောင်စီဖြင့် စုစုပေါင်းလေးဖွဲ့မှ နို့စားနွားကောင်ရေ (၁၆)ကောင် အား မြစိမ်းရောင်ကျေးရွာစီမံကိန်း‌‌ထောက်ပံ့‌ငွေကျပ်သိန်း ၃၀၀၊ အစုအဖွဲ့များမှထည့်ဝင်ငွေ ကျပ်သိန်း ၁၀၀ စုစုပေါင်း ကျပ်သိန်း ၄၀၀ ဖြင့် မွေးမြူထားကြောင်း မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်