သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ၏ အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ၂၇-၁၂-၂၀၂၄ ရက် (သောကြာနေ့) ၊ နံနက် (၉:၀၀)နာရီတွင် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးမြင့်စိုးမှတက်ရောက်ချီးမြှင့်ပေးခဲ့ပါသည်။
ဒုတိယဝန်ကြီးဦးဆောင်လျက် သမဝါယမဉီးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ်များ ပါဝင်သော ဧည့်သည်တော်များ၊ စစ်ကိုင်းမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဧည့်သည်တော်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များသည်လည်း ဘွဲ့ယူမောင်မယ်များ၏ မိဘဆွေမျိုးများနှင့်အတူ တက်ရောက်ချီးမြှင့်ေပးခဲ့ကြပါသည်။
ဆက်လက်၍ အခမ်းအနားကို အစီအစဉ်(၂)ရပ်ဖြင့် ကျင်းပခဲ့ကြပြီး ပထမပိုင်းအခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးမှဘွဲ့နှင်းသဘင်အခမ်းအနား အမှာစကား ပြောကြားခဲ့ပါသည်။၎င်းနောက် ဒုတိယဝန်ကြီးသည် ထူးချွန်ဆုရရှိသည့် ကျောင်းသား/သူများနှင့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ထူးချွန်ဆုရရှိသည့် အားကစားသမားများကို ဆုများနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ေပးခဲ့ပါသည်။
ဆက်လက်၍ တက္ကသိုလ်အတွက် အားကစားပစ္စည်းများထပ်မံ ပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ ဘွဲ့နှင်းသဘင် အခမ်းအနားပထမပိုင်း အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်