Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးထားသည့် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော စံပြနေကြာစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု


24 Dec,2024

ကျောက်ဆည် ဒီဇင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ် သမဝါယမဦးစီးဌာနမှ ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးလျက်ရှိပြီး ဒီဇင်ဘာ ၂၂ ရက်က တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့်တာဝန်ရှိသူများက  ဒွေးလှကျေးရွာတွင် စိုက်ပျိုးထားသည့် အောင်မြင်ဖြစ်ထွန်း နေသည့် ရေဆင်းစပ်မျိုး(၁) ‌စံပြနေကြာစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်းသီးနှံစံပြနေကြာစိုက်ခင်းများသည် ဒွေးလှသမဝါယမအသင်းလီမိတက် အသင်းသားဦးနေဝင်း၏ ကွင်းအမှတ်(၃၃၇)၊ ဦးပိုင်အမှတ်(၁၄၅)တွင် စိုက်ပျိုးထားသော ရေဆင်း စပ်မျိုး(၁)နေကြာ စံပြစိုက်ဧက(၂)ဧကနှင့် မြို့နယ်သမဝါမယအသင်းစုလီမိတက်မှ စိုက်ပျိုးသည့် ရေဆင်းစပ်မျိုး(၁)နေကြာ စံပြစိုက်ဧက(၄)ဧကတို့ဖြစ်ကြောင်းနှင့် လာရောက်ကြည့်ရှုသော ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများ၊ ဒေသခံနေကြာစိုက်တောင်သူများအား နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး တောင်သူဦးနေဝင်းက မြေပြုပြင်ချိန်မှစ၌ သွင်းအားစု ထည့်သွင်းခြင်း၊ ပြုစုပျိုးထောင်းခြင်း အဆင့်ဆင့်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် ကျေးရွာ(၃၉)ရွာမှ အသင်းသား တောင်သူများ လူမှုစီးပွားဘဝအဆင်ပြေစေရေး သွင်းအားစုများနှင့်ရေဆင်းစပ်မျိုး(၁)မျိုးစေ့များ ဖြန့်ဖြူးပေးလျက်ရှိပြီး ဆောင်းနေကြာ(၅၀၂၆)ဧက စိုက်ပျိုးထားကြောင်းနှင့် ဒေသတွင်းစားသုံး ဆီဖူလုံပိုလျှံရေး အခြားနေကြာစိုက်တောင်သူများကိုလည်း ရေဆင်းစပ်မျိုး(၁)နေကြာမျိုးစေ့ ဧက(၁၀၀၀)စာနှင့် ရုရှားသဘာဝရွက်ဖြန်းမြေဩဇာများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်