ပင်းတယ ဒီဇင်ဘာ ၂၄
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အင်းပလက်ကျေးရွာ၊ အင်းပလက် စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်း၊ တမဲကျေးရွာ၊ နေရောင်ဦးလယ်ယာနှင့်အထွေထွေ သမဝါယမအသင်း၊ ပွေးလှကျေးရွာ၊ ပွင့်လန်းစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းနှင့် ကျုံးကျေးရွာ၊ ရောင်ခြည်ဦးစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းများ၏ သမဝါယမ အသင်းသားပိုင်လယ်ယာမြေများတွင် ရေဆင်း(၁) စပ်မျိုးဆီနေကြာစိုက်ပျိုး ထားရှိမှုများအား ပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု၍ သီးနှံအထွက်တိုးစေရေးဆောင်ရွက်ရန်နှင့် လေလွင့်ဆုံးရှုံးမှုနည်းပါးစေရေး အလေးထားဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ ဆက်လက်၍ ညောင်ရွှေမြို့နယ် ရွှေခေါင်တိုင် လယ်ယာနှင့်အထွေထွေသမဝါယမအသင်းသားပိုင်နေကြာစိုက်ခင်းများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်