Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ခရိုင်အတွင်းရှိ ကျေးလက်လမ်း / တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု


24 Dec,2024

ပဲခူး ဒီဇင်ဘာ ၂၃

          ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ယမန်နေ့ နံနက်ပိုင်းက ပြည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့်အတူ ခရိုင်အတွင်း ပေါင်းတည်၊ ရွှေတောင်၊ ပြည်၊ ပန်းတောင်းမြို့နယ်များရှိ ကျေးလက်လမ်း/တံတားလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

         ဦးစွာ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ပေါင်းတည်မြို့နယ်ရှိ ကျောင်းကုန်း-ကင်ပွန်းခြုံလမ်း လမ်းတာပေါင်ချဲ့ခြင်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ရွှေတောင်မြို့နယ် ရွာသာယာ - နွားခြံကုန်း- မြို့မလမ်း မြေသားတာပေါင်ချဲ့ခြင်း၊ ကျောက်ချောခင်းခြင်းလုပ်ငန်းနှင့် ချော့ခေါ်- မြောင်းတပ်လမ်းပေါ်ရှိ ကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

        ထို့နောက် ပြည်မြို့နယ်ရှိ တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သော မြောက်နဝင်း ဆည်အဝင်လမ်း (တီတွဒ်-ဝက်ထီးကန်လမ်းပိုင်း) ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ဦးစီးအရာရှိ(မြို့ပြ) ရုံးဝင်းကို ခြံစည်းရိုးအုတ်တံတိုင်းကာရံခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ပန်းတောင်းမြို့နယ်ရှိ နဝဒေးချဉ်းကပ်လမ်းမှ တောင်ပို့ကွင်း-မကြီးကုန်း-ရုံးပုလမ်း တာပေါင်ချဲ့ခြင်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။

မောင်ကျော်ကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်