ပဲခူး ဒီဇင်ဘာ ၂၅
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ယမန်နေ့က ပဲခူးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့်အတူ ပဲခူးခရိုင် ဒိုက်ဦးမြို့နယ်၊ ပဲခူးမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်း၊ တံတားလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဒိုက်ဦးမြို့နယ်ရှိ ဒိုက်ဦး - ဥသျှစ်ကုန်းလမ်း ကွန်ကရစ်ခင်းခြင်း၊ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သော လယ်ကြားမြောင် - စစ်ဗိုလ်ကြီးလမ်း ဂဝံလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် အေးသုခ ရွာအဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင် ရွက်ပြီးစီးမှုအခြေအနေ၊ ပဲခူးမြို့နယ်ရှိ ဘုရားကြီး - သမန်းကုန်းလမ်း ကျောက်ချောခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် သနပ်ပင်မြို့နယ်သို့ သွားရောက်ပြီး တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သော သနပ်ပင်- စွန်ပိလမ်း ကျောက်ချောခင်းခြင်း၊ သနပ်ပင် - ကမာဖရံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကဝမြို့နယ်ရှိ ခမဲပြင်-နိဗ္ဗာန်လမ်းကျောက်ချောခင်းခြင်းနှင့် ဇွဲဘာရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင် လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သက်ထက်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်