Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကလောမြို့နယ် တောင်မြေခြား-မြောက်မြေခြားလမ်း ကတ္တရာလမ်းအဆင့်မြှင့်တင်


26 Dec,2024

ကလော ဒီဇင်ဘာ ၂၅

          ကလောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဟဲဟိုး-ဘော်ဆိုင်းလမ်းမှ တောင်မြေခြား - မြောက်မြေခြားလမ်း ကျောက်ချောလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

        ထိုနေရာသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဟန်ကိုကိုစိုး တို့သည် ဟဲဟိုး - ဘော်ဆိုင်းလမ်းမှ တောင်မြေခြား - မြောက်မြေခြားရွာ ကျောက်ချောလမ်း အရှည် ၁ မိုင် ၆ ဒသမ ၈၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ကိုးလက်မရှိ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

          အဆိုပါ တောင်မြေခြား - မြောက်မြေခြားလမ်းကို ခွင့်ပြုရန်ပုံ ငွေကျပ် ၅၀၈ ဒသမ ၆၁၆ သန်းဖြင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး၏ ၈၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

၂၂၂


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်