Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကျေးလက်လမ်း၊ တံတားများ ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး


26 Dec,2024

ညောင်ဦး ဒီဇင်ဘာ ၂၄

            မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခုနှစ် ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေတို့ဖြင့် ကျေးလက်လမ်း/ တံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးလှခိုင်နှင့် ခရိုင်/မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ ၄၉၆ ဒသမ ၅ သန်းဖြင့် ဆောင်ရွက်နေသည့် ကုန်းတန်းကြီးကျေးရွာအဝင်လမ်း (အပိုင်း-၂) အရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၁၃ လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ ၁၁၄ ဒသမ ၁၄၃ သန်းဖြင့် မင်းနန်သူကျေးရွာအဝင်လမ်း အရှည် ၂ ဒသမ ၅၈ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မ ကတ္တရာခင်းခြင်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကြောင်း သိရသည်။

            ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄- ၂၀၂၅ ခုနှစ် ပြည်ထောင်စု ဖြည့်စွက်ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဖျောက်ဆိပ်ပင်ကျေးရွာ အဝင်လမ်း ကွန်ကရစ်လမ်းမဆောင်ရွက်မီ အခြေအနေနှင့် ပုဂံမြို့သစ်မှ နတ်ကြို့အိုင်ကျေးရွာလမ်း ဂျင်းမြေခင်းခြင်း မဆောင်ရွက်မီအခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် ဆောလျင်စွာ ပြီးစီးဆောင်ရွက်သွားရန် မှာကြားသည်။

       ထို့နောက် အလှူရှင်၏လှူဒါန်းငွေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တာဝန်ယူတူးဖော်ဆောင်ရွက်လျက်ရှိသည့် ရှေးဟောင်းရေကန် ရှစ်ကန်အနက် မြောက်ကျောင်းကန် ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ဘုရားကြီးကန် တူးဖော်ဆောင်ရွက်မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးသည်။

ဇင်မာ

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်