Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) (၁၂) နှစ်မြောက် တက္ကသိုလ် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပခြင်း


24 Dec,2024

၂၄-၁၂-၂၀၂၄
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် “(၁၂) နှစ်မြောက် တက္ကသိုလ်နှစ်ပတ် လည်နေ့အထိမ်းအမှတ်သုတေသနစာတမ်းဖတ်ပွဲ” ကို  ၂၄-၁၂-၂၀၂၄ ရက်နေ့တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ စာတမ်းဖတ်ပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၇၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး သုတေသနဘာသာရပ် နယ်ပယ် အလိုက် သဘာပတိများအဖြစ် ပြင်ပပညာရှင် ဆရာကြီး၊ ဆရာမကြီးများက ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ပါမောက္ခချုပ်မှ အဖွင့်အမှာ စကားပြောကြားရာတွင် သုတေသနသည် အရည်အသွေးရှိသော ပညာရေး စနစ်ကိုဦးတည်ဆောင်ရွက်ရန်အတွက် အဓိကကျပြီး ဆရာ၊ ဆရာမများအနေဖြင့် တစ်သက်တာ သင်ယူ လေ့လာမှုပြုလုပ်ခြင်းဖြင့် မိမိတက္ကသိုလ်၏ ဂုဏ်သတင်းနှင့် ပညာရပ်ပိုင်းဆိုင်ရာရပ်ဝန်း အဆင့်အတန်း မြင့်မားလာစေရန် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတက္ကသိုလ်အနေဖြင့်  အရည်အသွေးအာမခံ မှုရရှိစေရန် AUN-QA အဖွဲ့အစည်း၏ ပရိုဂရမ်အဆင့် အကဲဖြတ်စစ်ဆေးမှု စံနှုန်းများနှင့် အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (NAQAC) ၏ သတ်မှတ်ချက် စံနှုန်းအတိုင်းရရှိရန် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘာသာရပ်ပိုင်းဆိုင်ရာ ထူးချွန်မှုရှိရန်နှင့် အရည် အသွေးပြည့်မီသည့်  သုတေသနများကို တစိုက်မတ်မတ် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ သုတေသန ဆောင်ရွက်ရာတွင် တီထွင်ဖန်တီးမှု၊ အရည်အသွေးရှိမှုနှင့် ဇွဲ့လုံ့လရှိရန်လိုကြောင်း၊ သုတေသနရလဒ် ကောင်းများမှတဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် တန်ဖိုးမဖြတ်နိုင်သော အဆင့်မြင့်ပညာရပ်များ လေ့လာသင်ယူနိုင်ပြီး ကောင်းမွန်သော သင်ကြား၊ သင်ယူမှုပညာရပ်ဝန်းတစ်ခု ဖော်ဆောင်နိုင်မှာဖြစ် ကြောင်း၊ ယနေ့ကျင်းပသည့် သုတေသနစာတမ်းဖတ်ပွဲအောင်မြင်အောင်ဆောင်ရွက်ပေးခဲ့ကြသည့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ၊ စာတမ်းဖတ်ပွဲသဘာပတိများ၊ စာတမ်းရှင်များ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ယနေ့ကြိုးစား အားထုတ်မှုရလဒ်သည် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနား အောင်မြင်မှုရရှိယုံသာမက အရည်အသွေး အာမခံမှုခရီးလမ်း အောင်မြင်မှုရရှိရာ ပန်းတိုင်တစ်ခုလည်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယနေ့ကျင်းပပြုလုပ်သည့် သုတေသနစာတမ်းဖတ်ပွဲ၏ ဆောင်ပုဒ်မှာ “ Shaping A Better Tomorrow with Creativity, Quality, Resilience and Perseverance” ဖြစ်ပြီး စာတမ်းရှင်(၁၃)ဦးတို့မှ ဒေသအကျိုးပြုသုတေသနစာတမ်း(၅)စောင်၊ အဖွဲ့အစည်းအကျိုးပြုသုတေသနစာတမ်း(၃)စောင်နှင့် ဘာသာရပ် အကျိုးပြုသုတေသနစာတမ်း(၅)စောင်တို့ကို ဖတ်ကြားခဲ့ကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်