Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လွိုင်လင်ခရိုင် (GEC) အစိုးရဝန်ထမ်းပေါင်းစုံအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ


20 Dec,2024

လွိုင်လင်  ဒီဇင်ဘာ   ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွင် (GEC)အစိုးရဝန်ထမ်းပေါင်းစုံ အသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဒီဇင်ဘာ ၁၈ ရက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်က အဖွင့်အမှာစကားပြောကြားခြင်း၊ သဘာပတိ ဦးသန်းနိုင်က နှစ်ပတ်လည်လုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းပြောကြားခြင်း၊ ဒါရိုက်တာအဖွဲ့၏ ၂၀၂၃-၂၀၂၄ လုပ်ငန်းအစီရင်ခံစာအား ဒါရိုက်တာအဖွဲ့ဝင် ဒေါ်တင်တင်လှက ဖတ်ကြားခြင်း၊ စာရင်းစစ်အဖွဲ့၏ ၂၀၂၃-၂၀၂၄ အတွက် ဘဏ္ဍာရေးရှင်းတမ်းနှင့် နှစ်ချုပ်အစီရင်ခံစာအား စာရင်းစစ် ဦးသိန်းသန်းစိုးက ဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော အသင်းသား/အသင်းသူများက အကြံပြုချက်များ ဆွေးနွေးတင်ပြခြင်း၊ အသင်းသား/အသင်းသူများ၏ ဆွေးနွေးတင်ပြချက်အပေါ် ဒါရိုက်တာအဖွဲ့မှ ပြန်လည်ရှင်းလင်းခြင်းများ ဆောင်ရွက်သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးရှင်းတမ်းနှင့် နှစ်ချုပ်အစီရင်ခံစာ၊ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာပါ ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုချက်ရယူ၍  နှစ်ပတ်လည် အရပ်ရပ်အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။ အဆိုပါ GEC အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်း လီမိတက်၏ နှစ်ပတ်လည်ဆိုင်ရာအရပ်ရပ်အစည်းအဝေးတွင် သဘာပတိနှင့်အဖွဲ့ဝင်များ၊ အမှုဆောင် ဒါရိုက်တာများ၊ အသင်းသူ/ အသင်းသားများ စုံညီစွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်