Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကံမမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


20 Dec,2024

ကံမ ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကံမမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်ရုံး၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်ဆွေနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံအရာရှိများ၊ မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အသင်းသူအသင်းသားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်ရွှေက အမှာစကားပြောကြား ရာတွင် သမဝါယမနှင့်ပတ်သက်ပြီး ကံမမြို့နယ်တွင် သမဝါယမသက်တမ်းသည် (၅၁)နှစ်သက်တမ်း ရှိပြီဖြစ်ကြောင်း၊ သမဝါယမစနစ်သည် အလွန်ကောင်းမွန်သည့်စနစ်ဖြစ်သောကြောင့် သမဝါယမ အသင်းများမှာလည်း အခြေခံကောင်းများရှိနေပြီဖြစ်ကြောင်းနှင့် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးအောင်တင့်က ရှေ့လုပ်မည့်လုပ်ငန်းများအား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုတင်က သမဝါယမလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုအတွင်းရေးမှူး ဦးအေးဟန်နှင့် အသင်းဝင်များက မြို့နယ်သမဝါယမအသင်းစုဒါရိုက်တာအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာ၊ မြို့နယ်သမဝါယမအသင်းစုအသင်းသားစာရင်းစစ်အဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စာရင်းစစ်ဆေးချက်အစီရင်ခံစာနှင့် နှစ်ချုပ်စစ်ဆေးရေး အဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတို့ကို ဖတ်ကြားရှင်းလင်းခဲ့ပါသည်။ ထို့နောက် ကံမမြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးအောင်တင့် က ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အမှုဆောင်အဖွဲ့လုပ်ငန်းဆောင်ရွက်မှု အစီရင် ခံစာ၊ အသင်းသားစာရင်းစစ်အဖွဲ့၏ နှစ်ချုပ်စာရင်း စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာတို့ကို အတည်ပြု ချက်ရယူခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)

မကွေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်