သာယာဝတီ ဒီဇင်ဘာ ၂၂
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ဒီဇင်ဘာ ၂ဝ ရက်က တာဝန်ရှိသူများနှင့်အတူ ကျေးလက်လမ်းဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် သာယာဝတီခရိုင်အတွင်းရှိ ကျေးလက်လမ်းတည်ဆောက်ရေး လုပ်ငန်းခွင်များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့်အဖွဲ့သည် အုတ်ဖိုမြို့နယ်သို့ သွားရောက်ပြီး ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကိုလည်းကောင်း၊ ကြို့ပင်ကောက်မြို့နယ်နှင့် ဇီးကုန်းမြို့နယ်များတွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတည်ဆောက်ရေး လုပ်ငန်းခွင်များသို့လည်းကောင်း သွားရောက်စစ်ဆေးပြီး အင်ဂျင်နီယာချုပ် ဦးထွန်းဝေက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများ၊ လုပ်ငန်းအရည်အသွေး ကြီးကြပ်ရေးအဖွဲ့များအား လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သက်ထက်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်