ပဲခူး ဒီဇင်ဘာ ၂ဝ
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် အတူ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပဲခူးမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်း/တံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့်ဆောင်ရွက်သော ဒိုက်ဦးမြို့နယ်ရှိ ဒိုက်ဦး-ဥသျှစ်ကုန်းလမ်း ကွန်ကရစ်ခင်းခြင်း၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့်ဆောင်ရွက်သော လယ်ကြားမြောင်-စစ်ဗိုလ်ကြီးလမ်း ဂဝံလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် အေးသုခရွာအဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ပဲခူးမြို့နယ်ရှိ ဘုရားကြီး-သမန်းကုန်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်သို့ သွားရောက်ပြီး တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သော သနပ်ပင်-စွန်ပိလမ်းကျောက်ချောခင်းခြင်း၊ သနပ်ပင်-ကမာဖရံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကဝမြို့နယ်ရှိ ခမဲပြင်-နိဗ္ဗာန်လမ်းကျောက်ချောခင်းခြင်းနှင့် ဇွဲဘာရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
(၄၀၁)၊ တင်စိုး(ပဲခူး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်