Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


23 Dec,2024

ပွင့်ဖြူ ဒီဇင်ဘာ ၂၀

        မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုတိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးလက်လမ်း/ တံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးလှခိုင်နှင့် ခရိုင်/မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ပွင့်ဖြူမြို့နယ် လယ်ကိုင်း- ရွှေလှေ - ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်း  အရှည် လေးမိုင် နှစ်ဖာလုံကို မြေနီလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ယင်းကျေးရွာချင်းဆက်လမ်းပေါ်တွင် သံကူကွန်ကရစ်ခင်းခြင်းအမျိုးအစား အကျယ်အဝန်း (၁၀' x ၁၀'x ၂၄') Box Culvert တံတားတစ်စင်းနှင့် အကျယ်အဝန်း (၅' x ၅' x ၂၄') Box Culvert တံတားတစ်စင်း တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

        ဆက်လက်၍ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ပွင့်ဖြူမြို့နယ် သရက်အုပ် - ညောင်ကုန်း ကျေးရွာချင်းဆက်လမ်း အရှည် သုံးဖာလုံကို ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရွာခိုင် - ကျွဲတိ - ကန်ပြည့် ကျေးရွာချင်းဆက်လမ်း အရှည်တစ်မိုင်အား ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် အမာခံလမ်းပခုံးခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်