Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များသမဝါယမအသင်း၊ ဆီစက်လုပ်ငန်းရှင်များသမဝါယမအသင်း၊ ညီနောင်ရင်းသွင်းအားစု လုပ်ငန်းရှင်များသမဝါယမအသင်းတို့၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ ပြုလုပ်


23 Dec,2024

ဘားအံ ဒီဇင်ဘာ ၂၀

          ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များသမဝါယမအသင်း၊ ဆီစက် လုပ်ငန်းရှင်များသမဝါယမအသင်း၊ ညီနောင်ရင်းသွင်းအားစု လုပ်ငန်းရှင်များသမဝါယမအသင်း တို့၏ (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ပြည်နယ်သမဝါယမ ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ပြည်နယ်သမဝါယမဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ အသင်းအမှုဆောင်များနှင့် အသင်းသားများတက်ရောက်ခဲ့သည်။

          အစည်းအဝေးတွင် ပြည်နယ်သမဝါယမဦးစီးမှူးက အသင်းများဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် အသင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အသင်း၏ လုပ်ငန်းများ စနစ်တကျလုပ်ဆောင်ရန် ပြောကြားခဲ့သည်။ ထို့နောက် လုပ်ငန်းရှင်များ သမဝါယမအသင်း(၃)သင်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် အသင်းစာရင်းစစ်အစီရင်ခံစာများကို ဖတ်ကြားရှင်းလင်းပြီး အသင်းသားများ၏ သဘောတူညီချက်ကို ရယူကာ သဘာပတိက အတည်ပြုခဲ့သည်။  ထို့နောက် ဆန်စက်လုပ်ငန်းရှင်များသမဝါယမအသင်း၏ အသင်းပိုင်ရန်ပုံငွေကျပ် ၄၅၀ သိန်းအား အသင်းသား(၅)ဦး၊  ဆီစက်လုပ်ငန်းရှင်များသမဝါယမအသင်း အသင်းပိုင်ရန်ပုံငွေကျပ် ၂၄၀ သိန်းအား အသင်းသား(၆)ဦး၊ ညီနောင်ရင်းသွင်းအားစု လုပ်ငန်းရှင်များသမဝါယမအသင်း၏ အသင်းပိုင်ရန်ပုံငွေများကို အသင်းသား(၃)ဦး ထုတ်ချေးခဲ့ကြောင်း သိရသည်။

 

သမဝါယမဦးစီးဌာန


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်