Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့သစ်မြို့နယ် ငါးလုံးဖိုကျေးရွာ၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


19 Dec,2024

မြို့သစ်မြို့နယ် ငါးလုံးဖိုကျေးရွာ၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

မြို့သစ် ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် တယ်ပင်စမ်းကျေးရွာအုပ်စု ငါးလုံးဖိုကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူဇာလွင်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ငါးလုံးဖိုကျေးရွာ၌   ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီးနောက် ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ချပြရှင်းလင်း ဆောင်ရွက်ပါသည်။

ငါးလုံးဖိုကျေးရွာ ကျေးရွာတွင်းလမ်း အရှည် ၆၅၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၅ သိန်း  စုစုပေါင်းငွေကျပ် ၁၆၅ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင် စက်တင်ဘာလ ဒုတိယအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်