Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နတ်မောက်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ဂဝံမြေနီခင်းခြင်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


19 Dec,2024

နတ်မောက် ဒီဇင်ဘာ ၁၈

          မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဖျောက်ဆိပ်ကုန်း-ဘန်းကုန်း ကျေးရွာချင်းဆက်လမ်း ဂဝံမြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ) ဒေါ်ရွှေစင်ဝင်းသူနှင့် တာဝန်ခံ အင်ဂျင်နီယာများက သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ နတ်မောက်မြို့နယ် ဖျောက်ဆိပ်ကုန်း-ဘန်းကုန်း ကျေးရွာချင်းဆက်လမ်း ဂဝံမြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

          ဖျောက်ဆိပ်ကုန်း-ဘန်းကုန်း ကျေးရွာချင်းဆက်လမ်း အရှည် တစ်မိုင် လေးဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ်လက်မရှိ ဂဝံမြေနီခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၅၈ ဒသမ ၆၂ သန်းဖြင့် တင်ဒါအောင်မြင်သည့် ငွေယွန်းစံကုမ္ပဏီက ဇူလိုင်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

            အဆိုပါ ကျေးရွာချင်းလမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာ နှစ်ရွာရှိ အိမ်ခြေ ၂၁၉ အိမ်၊ လူဦးရေ ၉၂၃ ဦးတို့အတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်