တောင်ကြီး ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သိမ်ကုန်း-ပန့်ပုံးလမ်းအား မြေသားလမ်းမှ ကျောက်ချောလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဒီဇင်ဘာလ ၁၃ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်နှင့် တောင်ကြီးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဟန်ကိုကိုစိုးတို့က သိမ်ကုန်း-ပန့်ပုံးလမ်း အရှည် ၅ ဒသမ ၃၅၅ ဖာလုံ၊ အကျယ် ၁၆ ပေ၊ထု ၆ လက်မရှိ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်ခိုင်ဇာလွင်က လုပ်ငန်းဆောင်ရွက်နေမှုများအားရှင်းလင်းတင်ပြသည်။
အဆိုပါ သိမ်ကုန်း-ပန့်ပုံးလမ်းအား မြေလမ်းမှ ကျောက်ချောလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၈၂ ဒသမ ၀၇၇ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာ လုပ်ငန်းများအားလုံး၏ ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးရွာလေးရွာရှိ အကျိုးပြုအိမ်ခြေ ၁၀၀၃ အိမ်၊ လူဦးရေ ၄၀၁၂ ဦးတို့၏ စိုက်ပျိုးမြေ ဧက ၅၃၂၀ အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ချိုသန်းညွန့် (ကျေးလက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်