ကျောက်ဆည်မြို့နယ်၌ Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ်ထုတ်ချေး
ကျောက်ဆည် ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့်သပြေကုန်းကျေးရွာတွင် Mobile Financial Payment စနစ်ဖြင့် စီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ် အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်က အဖွင့်အမှာစကားပြောကြားပါသည်။
ဆက်လက်၍ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက မြစိမ်းရောင် ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေ ပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုးလုပ်ငန်း များ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခင်က စီမံကိန်း ကျေးရွာများတွင် ရန်ပုံငွေထုတ်ချေးခြင်း၊ အရင်း အတိုးပြန်လည် ပေးဆပ်ခြင်းလုပ်ငန်းစဉ်များကို Manual Cash - based စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါလုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် စီတီဇင်ပေး (Citizens Pay)နှင့်ပူးပေါင်း၍ Mobile Financial Payment စနစ်သို့ ပြောင်းလဲအသုံးပြုနိုင်ရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ စီတီဇင်ပေး (Citizens Pay) တာဝန်ရှိသူများနှင့် ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက Citizen Pay ဖြင့် Digital နည်းပညာကို အသုံးပြု၍ Mobile Phone မှတဆင့် သပြေကုန်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဒုတိယအကြိမ်အဖြစ် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ ၆၁ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၆၁ ဦးစုစုပေါင်း အသင်းသား ၁၂၂ ဦးအား အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၄၃၂ သိန်းကို ကျေးရွာသူ ကျေးရွာ သားများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်