အောင်လံ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ သမဝါယမအသင်းစုလီမိတက် (၁-၁၀-၂၀၂၀) မှ (၃၁-၃-၂၀၂၁) မီနီဘတ်ဂျက်နှင့် (၂၀၂၁-၂၀၂၂)၊ (၂၀၂၂-၂၀၂၃)၊ (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်များ အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက်က အောင်လံမြို့နယ်သမဝါယမအသင်းစုလီမိတက် အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သဘာပတိ ဦးညွန့်မောင်(ဥက္ကဋ္ဌ)က တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များအား အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး သမဝါယမဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နိုင်၊ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစု လီမိတက်ဥက္ကဋ္ဌ ဦးစံကျော်ဝင်း၊ အောင်လံမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အောင်လံ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြမြလွင်တို့က အမှာစကားအသီးသီး ပြောကြား ခဲ့ကြသည်။
ထို့နောက် အောင်လံမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွက် လုပ်ငန်းဆောင်ရွက်ချက်အစီအရင်ခံစာ၊ အောင်လံမြို့နယ်သမဝါယမအသင်းစု လီမိတက်၏ စာရင်းစစ်အစီအရင်ခံစာနှင့် (၂၀၂၃-၂၀၂၄) နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းတို့အား ဖတ်ကြားတင်ပြခဲ့သည်။
ဆက်လက်၍ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီအရင်ခံစာနှင့်ရှေ့လုပ်ငန်းစဉ်များ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးရှင်းတမ်း စာရင်းစစ်အစီအရင်ခံစာများအား အတည်ပြုပေးခဲ့ပြီး၊ သဘာပတိမှ တက်ရောက်လာသူများကို နိဂုံးချုပ်စကား ပြောကြားပေးခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်