Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြောင်းမြမြို့နယ်သမဝါယမအသင်းစု၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား ကျင်းပ


25 Aug,2022

မြောင်းမြ ၊ ဩဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်သမဝါယမအသင်းစု၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တို့အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို မြို့နယ်သမဝါယမအသင်းစုရုံးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနနှင့် တိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမ အသင်းစုမှ အမှုဆောင်အဖွဲ့နှင့်ဝန်ထမ်းများ၊ အသင်းဝင်အခြေခံသမဝါယမအသင်းများမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားပထမပိုင်းတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက အမှာစကားပြောကြားခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ ဒါရိုက်တာအဖွဲ့လုပ်ငန်းအစီရင်ခံစာ၊ အသင်းသားစာရင်းစစ်အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း များကို ဖတ်ကြားရှင်းလင်းပြီး တက်ရောက်လာကြသူများထံမှ အတည်ပြုချက်ရယူခဲ့သည်။

အခမ်းအနားဒုတိယပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းထိုက်အောင်က ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အမှုဆောင် သစ်များကို ဆန္ဒမဲပေးရွေးချယ်ကာ တာဝန်ခွဲဝေပေးအပ်ပြီး အမှုဆောင်သစ်များက ကတိသစ္စာခံယူခဲ့ ကြကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm