Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့မှူးမြို့နယ် ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး


17 Dec,2024

ကော့မှူးမြို့နယ်  ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

             ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန      ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သမင်ခြံကျေးရွာ ကုန်ထုတ် မြေ + ဂဝံ လမ်းခင်းခြင်း လုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်လင်းသန်း၊ တွံတေးခရိုင် ဦးစီးမှူး ဦးအောင်သက်ဦးနှင့် အတူ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၃ ရက် က သမင်ခြံကျေးရွာသို့ ရောက်ရှိစစ်ဆေးခဲ့သည်။

          ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှုးက မြေသားလမ်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ လုပ်ငန်းခွင်အတွင်း မြေနီ ရောက်ရှိမှုအခြေအနေများ၊ ဂဝံလမ်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဦးစီးမှူးက လုပ်ငန်းများ ဆောင်ရွက်မှု အပေါ် သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားသည်။   အဆိုပါ သမင်ခြံကျေးရွာ၌ အရှည် ၄ ဒသမ ၅၄၅ ဖာလုံ၊ အကျယ် ၁၈ပေ၊ အမြင့်နှစ်ပေရှိ မြေသားလမ်းနှင့် အရှည် ၄ဒသမ ၅၄၅ ဖာလုံ၊ အကျယ် ၁၂ ပေ ၊ အမြင့် ကိုးလက်မရှိ ဂဝံကျောက် ခင်းခြင်း လုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ခွင့် ပြုရန်ပုံငွေကျပ် ၁၃၂ ဒသမ ၅ သန်းဖြင့် ဇွန် ၁၁ ရက်တွင် စတင်‌ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်း၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီး ဖြစ်သည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်