သထုံ၊ ဒီဇင်ဘာ ၁၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် သံထုံခရိုင်အတွင်းရှိ ကျေးရွာ(၄)ရွာတို့၌ ဖွင့်လှစ် ခဲ့သော သင်တန်းများအတွက် ထူးချွန်သင်တန်းသား (၂၀)ဦးတို့အား ကိုယ်ပိုင်လုပ်ငန်းထူထောင်ရန် လုပ်ငန်း သုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စီံမံကိန်းကော်မတီဝင် များ၊ ရပ်မိ ရပ်ဖများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
ဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်လိုသူတို့အတွက် အဓိကအတားအဆီးမှာ ရင်းနှီးမတည်ငွေဖြစ်ပါကြောင်း၊ ယခု ချီးမြှင့်ပေးအပ် သည့် လုပ်ငန်းသုံးပစ္စည်းများဖြင့် သင်ကြားထားသည့် နည်းပညာများကိုအသုံးချကာ ကိုယ်ပိုင်လုပ်ငန်း ငယ်များ၊ အသေးစား၊ အငယ်စား လုပ်ငန်းများမှတစ်ဆင့် အလတ်စား၊ အကြီးစား အောင်မြင် ကျော်ကြားသည့် လုပ်ငန်းရှင်များဖြစ်သည်အထိ ကြိုးပမ်းကြစေလိုပါကြောင်း စသည်ဖြင့် တိုက်တွန်း ပြောကြားခဲ့ပြီး သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက စီံမံကိန်းလုပ်ငန်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြား ခဲ့ပါသည်။
ထို့နောက် မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ သထုံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင် တန်းသား (၂၀)ဦးတို့အား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
သထုံရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် သထုံခရိုင် အတွင်းရှိ ကျေးရွာ(၄)ရွာတို့၌ ဝင်ငွေတိုးစီမံကိန်းဖြင့် သင်တန်းများ ဖွင့်လှစ်ခဲ့ရာ ဇင်းကျိုက်မြို့နှင့် နတ်ကြီးချောင်ကျေးရွာတို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ နောင်ကုလားကျေးရွာနှင့် ဇရစ်ချောင်ကျေးရွာတို့ တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတို့ကို ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းတစ်ခုချင်းစီမှ ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးစီ ရွေးချယ်ပြီး စုစုပေါင်း ထူးချွန် သင်တန်းသား (၂၀)ဦးအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်