နေပြည်တော် ဒီဇင်ဘာ ၁၃
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် သိန်း (၂၄၀၀) ဖြင့် သမဝါယမဦးစီး ဌာနက ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် အဆိုပါစီမံကိန်းတွင်ပါဝင်သော ဓနုဖြူမြို့နယ်၊ ထီကွေ့ကျေးရွာ၊ ငွေတိုး စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ ဝက် မွေးမြူရေး လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မွေးမြူရေးသမဝါယမအသင်းသားများ၏ ဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဓနုဖြူမြို့နယ်၊ ငါးဘတ်အိုင်ခေတ်မီစံပြကျေးရွာ (Smart Village) သို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခေတ်မီစံပြကျေးရွာထူထောင်ရေးရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ကျေးရွာဘက်စုံသုံးခန်းမ ဖွင့်ပွဲ သို့ တက်ရောက်ကာ အခမ်းအနားဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး ကျေးရွာသူကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားခဲ့ပြီး ကျေးရွာတွင်းလမ်းများနှင့် ကျေးရွာ ရေပေးရေးစနစ် ဆောင်ရွက်ပေးထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့ ဒက္ခိဏာရုံကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကန်တော့ကာ ပရဟိတကို တည်ထောင်ခဲ့သော ဆရာတော်ကြီးများ၏ မွေးနေ့အထိမ်းအမှတ် အလှူနှင့် လေးမျက်နှာမြို့ အထက၊ အလက ကျောင်းများ၏ မြတ်ဆရာပူဇော်ပွဲ၊ လှော်ကထားအခြေခံပညာအထက်တန်းကျောင်း မြတ်ဆရာ ပူဇော်ပွဲတို့အတွက် အလှူငွေများ လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးသစ် တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင် ရွက်နေသော ခတ္တူကြိုးတံတား (၁၆၅) ပေ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အနော်ရထာမင်းကြီး တည်ထားခဲ့သော သမိုင်းဝင်စတုမုခ ထူပါရုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကန်တော့၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသည့် ငဝန်မြစ်ကမ်းထိန်း ရေလွှဲရေကာ (၃) ခု တည်ဆောက်နေမှုကိုလည်းကောင်း၊ Bored Pile အခြေပြု RCC Mid Wall တည်ဆောက်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်ခွင့်ပြုရန်ပုံငွေဖြင့် တူရိုးကွန်ကရစ်တံတား ပေ (၈၀) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ သည်။ အဆိုပါတံတား တည်ဆောက်ပြီးစီးသွားပါက ငဝန်မြစ်အနောက်ဘက်ခြမ်းလမ်းအတိုင်း ကျွဲသောင်ကျေးရွာမှတဆင့် အင်္ဂပူမြို့နယ်သို့ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကတက်ကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင် (ဆီထွက်သီးနှံ) စိုက်ပျိုးနေသော တောင်သူများနှင့် တွေ့ဆုံခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးက ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာများ ရှင်းလင််ပြော ကြားပြီး ဆီထွက်သီးနှံနေကြာစိုက် တောင်သူများအတွက် သဘာဝမြေဩဇာများ ပေးအပ်ခဲ့ကြ သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းကျေး ရွာမှ ရယူခဲ့သော တစ်ဧက တင်း ၁၀၀ ကျော် ထွက်ရှိသည့် မြေပဲမျိုးဖြင့် ကတက်ကုန်းကျေးရွာမှ တောင်သူဦးအုန်းမြင့် စမ်းသပ်စိုက်ပျိုးနေသော စိုက်ခင်းသို့ သွားရောက် အားပေးကြည့်ရှုခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဗောဓိကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံတောင် သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ နေကြာနှင့် မြေပဲတို့ကို တိုးချဲ့စိုက်ပျိုးရန် မှာကြားပြီး အလှူရှင် ဦးကျော်ဝင်းနိုင် လှူဒါန်းသော သိမ်းငှက်တံဆိပ် သဘာဝမြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်