နေပြည်တော်၊ ဒီဇင်ဘာ ၁၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများ၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းများနှင့် ခရိုင်ရုံး များတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား ဌာန၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင် ရာတွင် အသက်မွေးဝမ်းကျောင်းသင်တန်းများဖြစ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများကို ဖွင့်လှစ်ပို့ချရာ၌ ကျွမ်းကျင်၍ အရည်အသွေးပြည့်ဝသော သင်တန်း နည်းပြများဖြစ်လာစေရန် ရည်ရွယ်၍ မဲခေါင်-လျန်ချန်းအထူးရန်ပုံငွေဖြင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်း (ToT)ကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ သင်တန်းနည်းပြများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/ သူ (၃၄)ဦးတို့တက်ရောက်ကြ ပြီး ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းရှိ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းစသည့် (၅)နိုင်ငံအတူတကွဒေသတွင်းဖွံ့ဖြိုးတိုးတက်အောင်အတူတကွ ပူးပေါင်းဆောင်ရွက်နေသည့် ပလက် ဖောင်း တစ်ခုဖြစ်ကြောင်း၊ အိမ်နီးချင်း(၆)နိုင်ငံ၏ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရန်အတွက် လည်းကောင်း၊ ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်ရန် အတွက် လည်းကောင်း၊ ဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုးမှုကွာဟချက်လျှော့ချနိုင်ရန်အတွက် လည်းကောင်း၊ အာဆီယံတပြေးညီ တည်ဆောက်မှုနှင့် ဒေသတွင်းတပြေးညီတိုးတက်ရေးကို အထောက်အကူ ပံ့ပိုး ပေးရန်အတွက်လည်းကောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ချမှတ်အကောင်အထည် ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ဌာနက အကောင်အထည်ဖော်ဆောင်ရွက်သည့် မဲခေါင်- လန်ချန်းစီမံကိန်းသည် စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေဖို့၊ ကုန်ထုတ်စွမ်းအား စွမ်းဆောင်ရည်နဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းအားကို မြှင့်တင်ပေးဖို့၊ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ပေးဖို့၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးဖို့ ရည်ရွယ်ပြီးအကောင်အထည်ဖော်ဆောင်ရွက်တာဖြစ်ကြောင်း ပြော ကြားသည်။
ယခုသင်တန်းတွင် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို (၁၃.၁၂.၂၀၂၄) ရက်နေ့မှ (၁၉.၁၂.၂၀၂၄) ရက်နေ့အထိ (၇) ရက်ကြာ သင်တန်း သား/ သူ (၃၄) ဦးအား စာတွေ့၊ လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်