Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းလှမြို့နယ်၌ စစ္စနို့-ကန်တုတ်လမ်းပေါ်ရှိ ရေကျော်တည်ဆောက်နေမှုကွင်းဆင်းစစ်ဆေး


13 Dec,2024

အထက်မင်းလှ ဒီဇင်ဘာ ၁၂

        မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၌မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် (ခလိုင်း-ရွာသာလှ) စစ္စနို့-ကန်တုတ်လမ်းပေါ်ရှိ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို အရည်အသွေး စစ်ဆေးရေးအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။

ကွင်းဆင်းစစ်ဆေး

         အဆိုပါ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် (ခလိုင်း-ရွာသာလှ) စစ္စနို့-ကန်တုတ်လမ်းပေါ်ရှိ ရေကျော်ပေ ၁၅ဝတည်ဆောက်ခြင်းလုပ်ငန်းကို တင်ဒါအောင်ကုမ္ပဏီက သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်စေရေးအတွက် မင်းလှမြို့ နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီရိဖြိုးဝေဝင့်နှင့် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ(ရုံးချုပ်)မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးခိုင်မင်းစိုးတို့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်