အိမ်မဲ ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာတွင် မြို့နယ်သမဝါယမ အသင်းစုမှ စားသုံးဆီဖူလုံစေရေးအတွက်ရည်ရွယ်ပြီး ဆောင်းနေကြာ(၅)ဧက စံပြစိုက်ခင်းမျိုးစေ့ချပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ မျိုးစေ့ချပွဲအခမ်းအနားအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ သမဝါယမဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနဝန်ထမ်းများ တောင်သူများတက်ရောက်ခဲ့ပြီး ဆောင်းနေကြာစံပြစိုက်ခင်း (၅)ဧကအား မျိုးစေ့ချ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးမြင့်အောင်တို့သည် တကောကျေးရွာ ကားလမ်းဘေးရှိ ဆောင်းနေကြာစံပြစိုက်ခင်း(၁၀)ဧကရှိ နေကြာပင်များအား ပြုစုပျိုးထောင်စိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်