Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၄)ကျင်းပ


12 Dec,2024

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

          ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) ကို ယနေ့ မွန်းလွဲပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ကျင်းပသည်။

          အစည်းအဝေးသို့ ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          ဦးစွာ ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကနဦး လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေအောင်မြင် စေရန်အတွက် ယခုလို အစည်းအဝေးများ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ယခင်ပြုလုပ်ခဲ့သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအရ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စားသောက်ကုန်လုပ်ငန်း(၂)ခုအား သွားရောက်လေ့လာခဲ့ပြီး အစီရင်ခံစာကို ဩဂုတ်လ(၉)ရက်နေ့ တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့သို့ တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ MSMEs လုပ်ငန်းများဖြင့် စီးပွားရေးအောင်မြင်နေ သည့် (အိန္ဒိယ၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယား) နိုင်ငံများ၏ ဥပဒေ/မူဝါဒနှင့် လုပ်ငန်းစဉ်များအား လေ့လာသုံးသပ်ခြင်းအစီရင်ခံစာကိုလည်း အောက်တိုဘာလ (၂၉) ရက်နေ့တွင် တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း။

          ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်း အဖွဲ့မှ တင်ပြရန် ကျန်ရှိနေသည့် အစီရင်ခံစာ (၃)စောင်ကိုလည်း အချိန်မီတင်ပြနိုင်ရေးအတွက် အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံ ရသည့် အခက်အခဲများ၊ ပြုပြင်ဆောင်ရွက်ရမည့်အချက်များ၊ အကြံပြုလိုသည်များကို ယခုအစည်း အဝေးတွင် ပွင့်ပွင့် လင်းလင်း ဆွေးနွေးတင်ပြနိုင်ပါကြောင်းနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက လုပ်ငန်းအဖွဲ့၏ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြုံပြုဆွေးနွေတင်ပြကြပြီး ကနဦးလေ့လာသုံးသပ်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ် အမှာစကားပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်