Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်-မှန်ကုန်းလမ်း ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်


09 Dec,2024

ကျုံပျော် ဒီဇင်ဘာ ၇

        ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကျုံပျော်-မှန်ကုန်းလမ်း ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကွန်ကရစ်လမ်းသစ်တွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးသည်။

    ဦးစွာ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်းက ကွန်ကရစ်လမ်း ဆောင်ရွက်မှုအခြေအနေကိုရှင်းလင်း တင်ပြပြီး ကွန်ကရစ်လမ်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

        ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး ကွန်ကရစ်လမ်းသစ်ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

     အဆိုပါ ကွန်ကရစ်လမ်းသည် အရှည် (၀/၃) မိုင်၊ အကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ် ဇူလိုင် ၂၀ ရက်တွင် လုပ်ငန်းစတင်၍ နိုဝင်ဘာ ၂၀ ရက်တွင် ဆောင်ရွက် ပြီးစီးခဲ့ကာ ကျုံပျော်မြို့နယ် ပျဉ်ချဆိပ်အုပ်စုရှိ ကျေးရွာ ၁၀ ရွာ၊ အိမ်ခြေ ၁၃၀၇ အိမ်၊ လူဦးရေ ၄၇၉ဝ တို့အား အကျိုးပြုသောလမ်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်