ရပ်စောက် ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပင်ဖြစ်-ကန်တော် မြေနီကုန်း-ဖောင်းပြား ကျောက်ချောလမ်းအား ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဒီဇင်ဘာလ ၇ နံနက်
ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်၊ တောင်ကြီးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး( မြို့ပြ ) ဦးဟန်ကိုကိုစိုးနှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက ပင်ဖြစ်-ကန်တော်-မြေနီကုန်း-ဖောင်းပြား ကျောက်ချောလမ်း အရှည် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ပင်ဖြစ်-ကန်တော်-မြေနီကုန်း- ဖောင်းပြား ကျောက်ချောလမ်းမှ ကတ္တရာ လမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၃၃ ဒသမ ၇၅၆ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး၏ ၆၀ ရာခိုင်နှုန်းခန့် ဆောင် ရွက်ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ကိုးရွာရှိ အိမ်ခြေ ၂၀၂၄ အိမ်၊ လူဦးရေ ၉၃၃၈ ဦးကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်