သရက် ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး သရက်ခရိုင်အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက် ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက် (၉)နာရီအချိန်က သရက်မြို့ ရွှေစင်ငွေစင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းက အမှာစကားပြောကြားခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့် ခဲ့သည်။ အစည်းအဝေးတွင် သဘာပတိ ဦးသောင်းထိုက်နှင့် သရက်မြို့နယ်သမဝါယမ ဦးစီးမှူး ဒေါ်စန်းစန်းထွေးတို့က အမှာစကားပြောကြားကြပြီး ဒါရိုက်တာအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာဖတ်ကြားခြင်း၊ အသင်း၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးတင်ပြခြင်း၊ နှစ်ချုပ်စာရင်းရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းကို ဖတ်ကြားခြင်း၊ အသင်းသားများက အကြံပြုရှင်းလင်းခြင်းများ ဆောင်ရွက်ကြပြီး ရှေ့လုပ်ငန်းစဉ်များအတွက် ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်