နေပြည်တော် ဩဂုတ် ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့ (၆) လပတ်ကာလ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များအနက် မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်သော လမ်းညွှန်မှာကြားချက်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ထပ်ဆင့်ရှင်းလင်း ပြောကြားခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ “သမဝါယမလုပ်ငန်းများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကို အခြေခံသည့် ကုန်ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မြစိမ်းရောင် စီမံကိန်းအနေဖြင့်လည်း အောင်မြင်တိုးတက်မှုများရှိကြောင်း၊ သမဝါယမအသင်းများကို အမှန် တကယ်လုပ်ကိုင်သူများ စုပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက်တိုးချဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည်ဆိုပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက် လာမည်ဖြစ်ကြောင်း” ဟု အသိအမှတ်ပြု ပြောကြားခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ပြီး တိုင်း ဒေသကြီး/ ပြည်နယ်များ၌ ဒေသကျွဲ၊ နွားမွေးမြူခြင်းအပြင် နို့စားနွားများ မွေးမြူပြီး နွားနို့မှ နို့ဆီ ချက်သည့်အဆင့်အထိ သမဝါယမစနစ်ဖြင့် ဆောင်ရွက်ရန်၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝမြှင့်တင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ရေရရှိရေး၊ မီးရရှိရေး၊ လမ်းတံတားများ တည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေး ကောင်းမွန်စေရေးနှင့် ကုန်ထုတ်လုပ်မှုစနစ်များ စနစ်တကျ ရှိစေရေးတို့အတွက် သမဝါယမစနစ်ဖြင့် ဆောင်ရွက်ရန်၊ အကျိုးတူလယ်ယာစနစ် (Contract Farming) ဆောင်ရွက်မည့် စပါးနှင့် ပဲတီစိမ်းစိုက် တောင်သူများအတွက် လိုအပ်သော မျိုး၊ သွင်းအားစု၊ အရင်းအနှီးများ ရရှိနိုင်ရေး သမဝါယမစနစ်ဖြင့် ဆောင်ရွက်ရန်၊ လက်တွေ့ ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများ ပိုမိုအောင်မြင်စေရန်နှင့် မကြာမီ စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် ပြည်နယ်၊ တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းများ အောင်မြင်စေရေး အတွက်လည်း မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် လမ်းညွှန်မှာကြားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဦးစီးဌာနများမှ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများအောင်မြင်ရေးအတွက် တာဝန်ရှိသူများမှ လိုအပ်သောအုပ်ချုပ်ထောက်ပံ့ လိုအပ်ချက်များကို လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် စသည့် လမ်းညွှန်မှာကြားချက်များအား အလေးထား လိုက်နာကာ ဦးစီးဌာနအားလုံး၊ ဝန်ထမ်းများအားလုံးက လုပ်ငန်းတာဝန်များ အောင်မြင်ရေး ဌာနအလိုက်၊ နေရာဒေသအလိုက် ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်အောင် စေတနာထား ဆောင်ရွက်ခြင်းဖြင့် ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်ဟု ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။