မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာတွင် သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်မှဦးဆောင်၍ ကွင်း/ကွက်အမှတ် (၁၁၆၈/ခ)၊ ဦးပိုင်အမှတ် (၁၄/၅)၌ ရေးဆင်းစပ်မျိုး (၁)နေကြာစံပြကွက်(၅)ဧက စိုက်ပျိုးပွဲကို တောင်သူဦးမြင့်ဇော် လယ်မြေ၌ ဒီဇင်ဘာ ၆ ရက်က ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်ယဥ်ယဥ်နုက ဆောင်းနေကြာ စိုက်ပျိုးရာ၌ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးနည်းစနစ်နှင့် သတ်မှတ်ဧကအထွက်တိုးပြီး ပြည့်မီအောင် စိုက်ပျိုးခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဥ်ယဥ်နုနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် အမှုဆောင်အဖွဲ့၊ အသင်းဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ ဝဲဒေါင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ သမဝါယမအသင်းသား၊ တောင်သူများတို့က ဆောင်းနေကြာ ရေဆင်းစပ်မျိုး(၁)နေကြာအား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်