Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ် စမ်းအိုင့်ကျေးရွာအဝင်တံတားတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး


10 Dec,2024

သရက်မြို့နယ် စမ်းအိုင့်ကျေးရွာအဝင်တံတားတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး

*******************************************************************************

သရက်    ဒီဇင်ဘာ     ၁၀

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် စမ်းအိုင့်ကျေးရွာအုပ်စု၊ စမ်းအိုင့် ကျေးရွာအဝင်တံတားတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ အရှည်ပေ ၄၀၊ အကျယ် ရှစ်ပေ၊ အမြင့် ၁၅ပေရှိ စမ်းအိုင့်ကျေးရွာအဝင်တံတားတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များ မှာကြားခဲ့သည်။

စမ်းအိုင့်ကျေးရွာ၌ အဆိုပါလုပ်ငန်းကို  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေကျပ် ၆၆ ဒသမ ၃၃သန်း အသုံးပြု၍ ထနောင်းမြန်မာကုမ္ပဏီက  ဇွန်လ ၁၃ရက်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းပြီးစီးသဖြင့် စမ်းအိုင့်ကျေးရွာရှိ အိမ်‌ခြေ ၂၁၀၊ လူဦးရေ ၈၀၆ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာ တော့မည်ဖြစ်ကြောင်း  သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်