Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လွိုင်လင်မြို့နယ်သမဝါယမအသင်းစုလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


09 Dec,2024

လွိုင်လင် ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သဘာပတိ ဦးခင်မောင်ကြည်၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်တင်တင်လှတို့က အသီးသီးအမှာစကား ပြောကြားခဲ့ကြသည်။ ထို့နောက် ဒါရိုက်တာအဖွဲ့၏ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းအစီရင်ခံစာ၊ စာရင်းစစ်အဖွဲ့၏ ဘဏ္ဍာရေးရှင်းတမ်းများကို တာဝန်ရှိသူများမှ ဖတ်ကြားခြင်း၊ အသင်းသားများမှ အကြံပြု ဆွေးနွေးခြင်း၊ အတည်ပြုချက်ရယူခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီးနောက် အသင်းဝင်အသင်းသားများသို့ အစုပေါ်အမြတ်ငွေကို မြို့နယ်ဦးစီးမှူးမှ ပေးအပ်ပြီးနောက် သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာပြီးမြောက် ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသူများ၊ အသင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လွိုင်လင်မိုး

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်