Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေနံချောင်းမြို့နယ် ရုံးကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု စစ်ဆေး


09 Dec,2024

ရေနံချောင်းမြို့နယ် ရုံးကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု စစ်ဆေး

**************************************************************************

ရေနံချောင်း   ဒီဇင်ဘာ     ၉

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ရုံးကုန်းကျေးရွာအုပ်စု၊ ရုံးကုန်းကျေးရွာရှိ နေကြာစိုက်ပျိုးသည့်တောင်သူ များလိုအပ်လျက်ရှိသော စိုက်ပျိုးစရိတ်နှင့် သွင်းအားစုများအတွက် ငွေကြေးပံ့ပိုးပေးနိုင်ရေး ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)မှ ချေးငွေများဖြင့် လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက (၇-၁၂-၂၀၂၄)ရက်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းနှင့် တာဝန်ရှိသူများက ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များ နှင့်အတူ ရုံးကုန်းကျေးရွာ၌ ဆီထွက်သီးနှံဖြစ်သည့် နေကြာစိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက တာဝန်ရှိသူများ၊ ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့သည်။

          ရေနံချောင်းမြို့နယ်၊ ရုံးကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နေကြာစိုက်ပျိုးသော တောင်သူ ၇၀ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)မှ ချေးငွေ ကျပ် ၂၁ ဒသမ ၆သန်းထုတ်ချေးပေးထားပြီး လုပ်ငန်းများအောင်မြင်စွာ လည်ပတ်ဆောင်ရွက် လျက်ရှိကြောင်း ချောက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်