Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြံခင်းမြို့နယ်၌ သမဝါယမအသင်းစုလီမိတက်မှ ရေဆင်းစပ်မျိုး(၁)နေကြာ ၅(ဧက) စံပြစိုက်ခင်း စိုက်ပျိုးပွဲကျင်းပ


09 Dec,2024

ကြံခင်း ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်တွင် သမဝါယမ ဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ ကွင်းအမှတ် ၁၅၊ ကွင်းအမည် အင်တိုင်း မြောက်၊ ဦးပိုင် ၃၆ တွင် ရေဆင်းစပ်မျိုး(၁)နေကြာ စံပြကွက် ၅ ဧက စိုက်ပျိုးပွဲကို တောင်သူ ဦးစိုးမြင့် လယ်မြေ၌ ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားကို မြို့နယ်စိုက်တိုးမြှင့်ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က ဆောင်းနေကြာစိုက်ပျိုးရာ၌ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန်၊ စိုက်ပျိုးနည်းစနစ်နှင့် သတ်မှတ်ဧက အထွက်တိုးပြီး ပြည့်မီအောင် စိုက်ပျိုးရန် ဟောပြောသည်။

ထို့နောက် မြို့နယ်စိုက်တိုးမြှင့်ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကြည်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ သမဝါယမ ဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်တို့မှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဆောင်းနေကြာရေဆင်းစပ်မျိုး(၁)နေကြာအား တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်