Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းသားများ ဆီနေကြာစိုက်ပျိုးထားမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


02 Dec,2024

တောင်ကြီး ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အင်းငယ်ကျေးရွာ အင်းငယ်စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်း၊ မိုင်အင်ကျေးရွာ အောင်သီဟလယ်ယာစိုက်ပျိုး ရေးနှင့်အထွေထွေသမဝါယမတို့ရှိ သမဝါယမအသင်းသားများ စိုက်ပျိုးထားသည့် ဆီနေကြာစိုက်ခင်း များအား ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်သည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ပြီး နေကြာအထွက်တိုးစေရေး မြေသြဇာ ပိုးသတ်ဆေးသုံးစွဲမှု နည်းစနစ်မှန်ကန် စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်ပြီး ညောင်ရွှေမြို့နယ် ရောင်နီဦးလယ်ယာနှင့်အထွေထွေသမဝါယမအသင်းနှင့် နေကြာပန်း လယ်ယာနှင့်အထွေထွေသမဝါယမအသင်းသားပိုင် လယ်ယာမြေများတွင် အိန္ဒိယမျိုး Suryakiran စိုက်ပျိုးနေမှု၊ တောင်ကြီးမြို့ လူရိုးတောင်ကျေးရွာ မြတ်ချမ်းသာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းတို့ရှိ ဆီနေကြာစိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု၍ နေကြာသီးနှံအထွက်တိုးစေရေး ဆောင်ရွက်ရမည့်နည်းလမ်းများအား စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်