Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စီးပွားရေးပညာနှစ်(၁၀၀)ရာပြည့် အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပြခန်းဖွင့်လှစ်၍ ပါဝင်ပြသခြင်း


02 Dec,2024

စီးပွားရေးပညာနှစ်(၁၀၀)ရာပြည့် အခမ်းအနားကို နေပြည်တော် MICC-2 တွင် (၂၈.၁၁.၂၀၂၄)ရက် နေ့မှ (၂၉.၁၁.၂၀၂၄) ရက်နေ့အထိ (၂)ရက်တာ ကျင်းပခဲ့ပါသည်။ 

အဆိုပါအခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ သင်တန်းကျောင်းမှကောလိပ်၊ ကောလိပ်မှ တက္ကသိုလ်အဆင့်ဖြစ်ပေါ်လာသည့်ကာလအထိ သမိုင်းကြောင်းတိုးတက်ပြောင်းလဲလာမှုများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) အမည်ဖြင့် ပြခန်းဖွင့်လှစ် ပြသခဲ့ပါသည်။ 

၎င်းပြခန်းတွင် တက္ကသိုလ်အဆင့်ဆင့်တိုးမြှင့်ခဲ့သည့် သမိုင်းကြောင်းများ၊ တာဝန်ထမ်းဆောင်ခဲ့သည့် ပါမောက္ခချုပ် အဆက်ဆက်များ၊ ဘွဲ့အမျိုးအစား အမည်များ၊ တက္ကသိုလ်၏ နိုင်ငံတကာ တက္ကသိုလ်များနှင့် အဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်ထားရှိမှုများ၊ MoU ဆောင်ရွက်မှုများနှင့်‌ေအာင်မြင်မှုများ၊ (၁၃)နှစ်တာကာလအတွင်း ကျောင်းသားကျောင်းသူများ၏ အလုပ်အကိုင်ရရှိနေမှုအခြေအနေနှင့် မှတ်တမ်းများ၊ ကျောင်းသား/ကျောင်းသူများအား ဘွဲ့ပေးအပ်နေမှုများ၊ သုတေသနဆောင်ရွက်မှုများ၊ တက္ကသိုလ်၏ စာသင်နှစ်အလိုက် လှုပ်ရှား ဆောင်ရွက်မှုများ၊ HRD Programme တွင် Master တန်းများနှင့် Diploma တန်းများ ဖွင့်လှစ်မှုအခြေအနေများ၊ References စာအုပ်များ၊ သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဝန်ကြီးဌာနနှင့် တက္ကသိုလ်၏ Documentary Presentations Displays အစီအစဉ်များဖြင့် ခင်းကျင်းပြသ ပါဝင်ခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm