Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး နေပြည်တော်ကောင်စီနယ်မြေ၊ တဲကြီးကုန်းကျေးရွာ၌ Suryakiran (ဆူရာကီနန်) နေကြာမျိုး စိုက်ပျိုးနေမှု ကြည့်ရှုအားပေး


05 Dec,2024

နေပြည်တော် ဒီဇင်ဘာ ၅

ရုရှားရွက်ဖျန်း သဘာဝမြေဩဇာ၏ အသုံးပြုမှုနည်းစနစ်အတိုင်း Suryakiran (ဆူရာကီနန်) အိန္ဒိယစပ်မျိုးနေကြာ မျိုးစေ့များကို ၎င်းရွက်ဖျန်းအားဆေးရည်၌ ၂၄ နာရီစိမ်ပြီး အစေ့ချစိုက်ပျိုးခြင်း နှင့် မြေခံမြေဩဇာထည့်သွင်းခြင်းတို့အား ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူ သီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာရှိ တောင်သူ ဦးကျော်မြင့်ဦး၏ လယ်မြေ (၅) ဧကတွင် စံပြစိုက်ကွက် အဖြစ် ဆောင်ရွက်လျက်ရှိရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများ သွားရောက် အားပေးကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လယ်ယာဂုဏ်ဆောင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့် တွေ့ဆုံရာတွင် သမဝါယမဦးစီးဌာန၊ တိုင်းဦးစီး မှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးက ပန်းတိုင် အထွက်နှုန်းရရှိအောင် ကြိုးပမ်းစိုက်ပျိုးကြရန် တိုက်တွန်းမှာကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသင်းသားတောင်သူများထံ သဘာဝ မြေဩဇာနှင့် ဓာတ်မြေဩဇာများ ပေးအပ်ခဲ့သည်။

လာမည့် ၂၀၂၅ ခုနှစ်တွင် စားအုန်းဆီတင်သွင်းမှုလျှော့ချပြီး ပြည်တွင်းစားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်းတို့ကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးလျက်ရှိရာ သမဝါယမအသင်းစုချုပ်များ၊ အသင်းစုများအနေဖြင့်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ အသင်း ပိုင်ငွေတို့ဖြင့် နေကြာစိုက်ဧက ၁၁၀,၀၀၀ ပါဝင်စိုက်ပျိုးသွားမည်ဖြစ်သည်။ ၎င်းပြင် ထွက်ရှိလာ သော နေကြာသီးနှံများကိုလည်း သမဝါယမအသင်းပိုင် ဆီစက်များဖြင့် ကြိတ်ခွဲဖြန့်ဖြူးရောင်းချရေး၊ တောင်သူများအတွက် သီးနှံဈေးကွက်ဖော်ဆောင်ပေးရေးတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဒုတိယဝန်ကြီးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့ညနေ ပိုင်းတွင် လယ်ဝေးမြို့နယ် TC-2 အားကစားကွင်းသို့ သွားရောက်၍ ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်၊ ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲအဖြစ် သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအသင်းတို့၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်