တောင်တွင်းကြီး ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်နေသည့် တောင်တွင်း- အောင်လံကားလမ်းမကြီးဘေး အင်တောသာကျေးရွာအဝင်လမ်း မြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ဒီဇင်ဘာလ ၄ ရက်တွင်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးဆလိုင်းနေအောင်ဆန်းနှင့် တာဝန်ရှိသူများက တောင်တွင်းကြီးမြို့နယ် တောင်တွင်း- အောင်လံကားလမ်းမကြီးဘေး အင်တောသာကျေးရွာအဝင်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး လိုအပ်သည်များ ပြောကြားသည်။
အဆိုပါ အင်တောသာကျေးရွာအဝင်လမ်း မြေနီခင်းခြင်းလုပ်ငန်းတွင် အရှည် ၁ မိုင် ၆ ဖာလုံ၊ အကျယ် ၁၈ ပေ၊ ထု ၂ ပေ မြေသားဘောင်တင်ခြင်းနှင့် မြေနီ ၉ လက်မခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ခွင့်ပြုငွေ ငွေကျပ် ၉၂ ဒသမ ၂၂ သန်းဖြင့် တင်ဒါအောင်မြင်သည့် မန်းကေသီဦးကုမ္ပဏီမှ ယခုနှစ်ဇူလိုင်လပထမပတ်ကလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပြီးယခုအခါ ၅ဝ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးရွာအဝင်လမ်း မြေနီခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာနှစ်ရွာရှိ အိမ်ထောင်စု ၃၈၁ စု လူဦးရေ ၁၈၇၁ ဦးအတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်