Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုက်လတ်မြို့နယ်၊ ဘုံလုံးချောင်းကျေးရွာ၌ ၄၀၀ဗို့အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းအား စစ်ဆေး


05 Dec,2024

ကျိုက်လတ်မြို့နယ်၊ ဘုံလုံးချောင်းကျေးရွာ၌ ၄၀၀ဗို့အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းအား စစ်ဆေး

ကျိုတ်လတ် ဒီဇင်ဘာလ ၅

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘုံလုံးချောင်း ကျေးရွာအုပ်စု၊ ဘုံလုံးချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ၄၀၀ဗို့အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်နှင့် အင်ဂျင်နီဝန်ထမ်းများမှ ကျေးရွာလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာစီမံကိန်း ကော်မတီဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးစားပေးကြသလို အဆိုပါလုပ်ငန်း မပျက်မစီးအောင်၊ ရေရှည်ကောင်းမွန်အောင်လည်း ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

ဘုံလုံးချောင်းကျေးရွာတွင် ကျေးရွာတွင်း အရှည် ၄၀၀၀ပေ ၄၀၀ဗို့အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ၏(၅၀)ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၈ဒသမ၇၈၇သန်းနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၅၁.၂၁၃သန်း တို့ဖြင့် မြို့နယ်စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ၊ အင်ဂျင်နီယာဝန်ထမ်းများ၏ ကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် နိုဝင်ဘာလ ဒုတိယအပတ်မှ  စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးဖြစ်ရာ ဘုံလုံးချောင်းကျေးရွာရှိ ကျေးလက်နေပြည်သူတို့အတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုစနစ်များ၊ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓါတ်များ စသည့်တို့မှာ ယခင်က ထက်ဖွံ့ဖြိုးတိုးတက်လာကြောင်း ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်