စဉ့်ကိုင် ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၁၆၇ ဒသမ ၅၆ သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်သည့် ကင်းလပ်-မြောက်တောကြီး-တအုံလမ်း (၀/၃.၆မိုင်) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ရန်ပုံငွေကျပ် ၁၃၇ ဒသမ ၁၇ သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သည့် မုန့်ပေါင်း-ဇော်ဂျီ- ရွာသစ်-ကန်ကြီးလမ်း (၀/၃မိုင်) ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှု များကို နိုဝင်ဘာ၂၉ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်နှင့်အတူ ကျောက်ဆည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဒေါ်စန်းစန်းဝါ၊ မြို့နယ် တာဝန်ခံ ဒေါ်အိဇာထွေး၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးသည်။
ဝင်းဝင်းသန်း (စဉ့်ကိုင်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။