လယ်ဝေး နိုဝင်ဘာ ၃ဝ
နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်တိုင်း ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင့်၊ ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေနှင့် နေပြည်တော်ကောင်စီငွေလုံးငွေရင်းရန်ပုံငွေတို့ဖြင့် လယ်ဝေးမြို့နယ်နှင့်ဒက္ခိဏသီရိ မြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်နေမှုများအား နိုဝင်ဘာ၂၈ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး နှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လယ်ဝေးမြို့နယ် သက္ကယ်ချင်းကျေးရွာနှင့် V4လမ်း ဆက်သွယ်သည့်လမ်း အရှည် ၀/၃ ဒသမ ၃၃ မိုင် ကွန်ကရစ်လမ်းခင်းရန် အမာခံ လမ်းပုခုံးခင်းသည့်လုပ်ငန်းအားကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံ ငွေဖြင့် ဆောင်ရွက်နေသည့် ရှားချောင်း ကျေးရွာအဝင်လမ်းနှင့် ရွာလယ်လမ်းမကြီး အရှည် ၀/၅ မိုင်ကွန်ကရစ်ခင်းရန်၊ အမာခံလမ်းပုခုံးခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးသည်။
ထို့နောက်နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်အတွင်း နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဒက္ခိဏသီရိ မြို့နယ် ဆည်စုကျေးရွာမှ လယ်ဝေးမြို့နယ် အောင်မင်္ဂလာကျေးရွာသို့ မြို့နယ်ချင်းဆက်လမ်း အရှည် ၃ ဒသမ ၂၅ မိုင်အား ခွဲကျောက်အသုံးပြု၍ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။