တံတားဦး နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၇၆ ဒသမ ၈၆ သန်းဖြင့် ပြူကန် - မြို့သာလမ်း လမ်း အရှည် (ဝ/၄.၅)မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မ ကတ္တရာခင်း ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၇ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင် နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။ ကွင်းဆင်းစစ်ဆေးစဉ် အင်ဂျင်နီယာချုပ် (မြို့ပြ)က ကတ္တရာလမ်းကို သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ အမြန်ဆုံးပြီးစီးရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။