Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရှရှားနိုင်ငံထုတ် ရွက်ဖျန်းမြေဩဇာဖြင့် ဆောင်းနေကြာစိုက်ခင်းအား ဆေးဖျန်းခြင်းသရုပ်ပြ


02 Dec,2024

ကျောက်ဆည် ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၈ရက်က ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာ ကွင်းအမှတ်(၂၂၅/ဃ)၊ ဦးပိုင်အမှတ်(၂၄) သမဝါယမအသင်းသားတောင်သူ ဦးကျော်လင်း၏ ရေဆင်းစပ်မျိုး(၁) ဆောင်းနေကြာစိုက်ခင်းအား ရှရှားနိုင်ငံထုတ် ရွက်ဖျန်းမြေဩဇာ ဖြင့် ဆေးဖျန်းခြင်း သရုပ်ပြပွဲအခမ်းအနားသို့ ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသည် ဝါသီးနှံများ စိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများ အနေဖြင့် လုံလောက်သောမြေရရှိရေးနှင့် ဒေသနှင့်ကိုက်ညီသည့်မျိုးစေ့များ ရွေးချယ်၍  စိုက်နည်းစနစ် မှန်ကန်စွာဖြင့် လိုအပ်သည့်အချိန်များတွင် သွင်းအားစုများထည့်သွင်းအသုံးပြုစေရေးအမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ရွှေနေကြာသမဝါယမအသင်း ဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ၎င်းစိုက်ပျိုးထားသည့် ရေဆင်းစပ်မျိုး(၁)နေကြာမျိုးသည် သိပ္ပံနည်းကျစိုက်ပျိုး ခြင်းဖြစ်၍ နေကြာ(၁)ဧကတွင် အထွက်နှုန်း(၆၅)တင်းထွက်ရှိကြောင်းနှင့် ၎င်းစိုက်ပျိုးခဲ့သည့် သိပွံနည်းကျ စိုက်နည်းစနစ်များအကြောင်း ဆွေးနွေးပြောကြားခဲ့ရာအခမ်းအနားသို့ တက်ရောက်လာ သည့် ဒေသခံတောင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထို့နောက် ဆောင်းနေကြာစိုက်ခင်းအား ရှရှားနိုင်ငံထုတ် ရွက်ဖျန်းမြေဩဇာဖြင့် ဆေးဖျန်းခြင်း သရုပ်ပြပွဲ ဆက်လက်ပြုလုပ်ခဲ့ရာ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ ဆောင်းနေကြာ စိုက်ပျိုးသည့် သမဝါယမအသင်းတောင်သူ(၈၀)ဦး တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း၊ ရှရှား ရွက်ဖျန်းမြေဩဇာသုံးစွဲခြင်းဖြင့် ဝါသီးနှံများ အပင်ပေါက်အားကောင်းစေခြင်း၊ အစေ့အဆန် အောင်မြင်ခြင်း၊ အပင်ကြီးထွားမှုနှင့် အမြစ်ဖြစ်ထွန်းမှု အားကောင်းခြင်း၊ အပင်အစာချက်လုပ်မှု ဖြစ်စဉ် အားကောင်းခြင်း၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ခြင်း၊ သီးနှံအတွက်လိုအပ်သည့် အဟာရဓာတ်များ တိုးမြင့်စေခြင်း၊ ယခင်အသုံးပြုထားသည့် မလိုအပ်သည့် ဓာတ်ကြွင်းများ ချေဖျက်ပေးခြင်း စသည့် အကျိုးကျေးဇူး များ ခံစားရရှိမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်၊ ကျောက်ဆည်

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်