တောင်တွင်းကြီး ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သမဝါယမအသင်းစုလီမိတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို နိုဝင်ဘာ ၂၉ ရက်က မြို့နယ်သမဝါယမအသင်းစု ရုံးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နိုင် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဦးခင်မောင်လွင်က တစ်နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်ချက်များဖြစ်သည့် ဘဏ္ဍာရေးလုပ်ငန်းစဉ်များ၊ သမဝါယမ အသင်းများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ဝါနှင့်နေကြာကို မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်နှင့် အထွက်နှုန်းတိုးစေရေး၊ သဘာဝရွက်စိမ်းမြေဩဇာ ထုတ်လုပ်အသုံးပြု ဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ သမဝါယမအသင်းစုလီမိတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်း အဝေးသို့ အခြေခံအသင်းကိုယ်စားလှယ် (၂၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်