Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးခရိုင်အတွင်းရှိ မြို့နယ် ၅ ခု၌ ကျေးလက်လမ်း ၁၂ လမ်းနှင့် တံတား ၁၈ စင်း အကောင်အထည်ဖော်ဆောင်ရွက်


02 Dec,2024

မင်းဘူး နိုဝင်ဘာ ၃ဝ

     မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ခရိုင်အတွင်းရှိကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်မရှိစေရန်အတွက် ကျေးလက်လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ခွင့်ပြုရန်ပုံငွေများဖြင့် နှစ်စဉ် ဆောက်လုပ်ပေးလျက်ရှိရာ ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်းပေါင်း ၁၂ လမ်း နှင့် တံတားပေါင်း ၁၈ စင်းကို ခရိုင်အတွင်းရှိ မြို့နယ် ငါးခု၌ အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

     မြို့နယ်များအလိုက် ကျေးလက် လမ်းများနှင့် တံတားများကို နှစ်စဉ် ဆောင်ရွက်ပေးရာတွင် ခရီးစဉ်လမ်းညွှန်ချက်နှင့် ကျေးရွာ အဖွဲ့အစည်းများမှလျာထားတင်ပြ ချက်များအပေါ် မူတည်၍ ယခုကဲ့သို့ အဆင့်မြှင့်တင် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူး(စကု) မြို့နယ်၌ ကျေးလက်လမ်း သုံးလမ်း(၈/၁ ဒသမ ၁၇ မိုင်)ကို ခွင့်ပြုငွေကျပ် ၄၈၀ ဒသမ ၈၇၄သန်း၊ ပွင့်ဖြူမြို့နယ်၌ လမ်း ငါးလမ်း(၆/၅ မိုင်)ကို ခွင့်ပြုငွေကျပ် ၈၉၉ ဒသမ ၅ သန်းနှင့် တံတား ၁၈ စင်း (ပေ ၁၆ဝ)ကို ငွေကျပ် ၂၂၅ ဒသမ ၄၇၃ သန်း၊ စလင်းမြို့နယ်၌ လမ်း နှစ်လမ်း(၁/၄ မိုင်)ကို ငွေကျပ် ၂၂၈ ဒသမ ၁၀၈ သန်းနှင့် ငဖဲမြို့နယ်၌ လမ်း နှစ်လမ်း(၂/၁ ဒသမ ၅၇ မိုင်) ကို ငွေကျပ် ၆၇၁ ဒသမ ၀၈၅ သန်း တို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဇွန်လမှစတင်၍ ဆောက်လုပ် ခဲ့ပြီး ယခုအခါ လုပ်ငန်းအားလုံး ၆၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 မောင်မောင်(မင်းဘူး)

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်