Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်လီမိတက်မှ အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


29 Nov,2024

တောင်ကြီး နိုဝင်ဘာ 2၉

          ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းလီမိတက်၏ 2023 –2024 ဘဏ္ဍာရေး နှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ပိုင်း/ အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်ခန်းမတွင် ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် ဥက္ကဋ္ဌ ဒေါ်သန်းညိုမှ ‌ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးတွင် ဥက္ကဋ္ဌ မှ 2023-2024 ဘဏ္ဍာရေး နှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့် မှ သမဝါယမအသင်းများ နှင့်ပတ်သက်သည့် အသင်းစည်းကမ်း၊ ဥပဒေ၊ လုပ်ထုံး/လုပ်နည်း၊ ညွှန်ကြားချက်များမှာကြားခဲ့သည်။

          ဆက်လက်ပြီး ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ ဘဏ္ဍာရေးနှစ်ချုပ် စာရင်းများ၊ အမြတ်ခွဲဝေစာရင်းများနှင့် အသင်းသားစာရင်းစစ် အစီရင်ခံစာတို့အား ဖတ်ကြားရှင်းလင်း ခြင်း၊ ဦးစီးကော်မတီဝင်များ၏ အကြံပြုချက်များကို ပြန်လည်ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းနှင့် အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ အသင်းစုချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ အသင်းဝင်ကိုယ်စားလှယ်စုစုပေါင်း(60) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်